Free shipping for orders over 30000 MMK
About Us
About Us
KKG Trading ဆိုတာဘယ်သူတွေလဲ?
KKG Trading Company သည် (၁၉၄၇)ခုနှစ်တွင် စတင်တည်ထောင်ပြီး ပန်းချီနှင့်လက်မှုဆက်စပ်ပစ္စည်းများ၊ အင်ဂျင်နီယာသုံးပုံဆွဲပစ္စည်းများ၊ Body Artပစ္စည်းများနှင့်ရုံးသုံးစာရေးကိရိယာပစ္စည်းများကိုစုံလင်စွာ လက်လီ/လက်ကား ရရှိနိုင်ပြီး မြန်မာနိုင်ငံအနှံ့သို့ပို့ဆောင်လျှက်ရှိသော ထိပ်တန်းအကောင်းဆုံး Company နှင့် Online Store တစ်ခုဖြစ်ပါသည်။
KKG Trading မှာဘာတွေရောင်းလဲ?
ဈေးကွက်အတွင်း (သို့) Online ဈေးကွက်အတွင်းပါ လွန်စွာရှားပါး၍ ရှာဖွေရန်ခက်ခဲသောအထက်ပါပန်းချီနှင့်လက်မှုပစ္စည်းများ၊အင်ဂျင်နီယာသုံးပုံဆွဲပစ္စည်းများ၊ သင်ထောက်ကူပုံစံငယ်ပစ္စည်းများ၊ Body paintပစ္စည်းများနှင့် ရုံးသုံးစာရေးကိရိယာပစ္စည်းများကို ကျောင်းသားသုံး အခြေခံအဆင့်မှ ကျွမ်းကျင်ပညာရှင်အဆင့်အထိ အသုံးပြုသော များပြားစုံလင်လှသည့် ပစ္စည်းများကို တစ်နေရာထဲတွင် လွယ်ကူစွာရွေးချယ်ဝယ်ယူရရှိနိုင်ပါသည်။
KKG Trading မှာဘာကြောင့်ဝယ်ယူသင့်သလဲ?
ဖောက်သည်များအတွက် အရည်အသွေးပြည့်မှီ၍ ကောင်းမွန်သောပစ္စည်းများကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ရန် ဦးစားပေးဆောင်ရွက်ခြင်း၊ ကျွမ်းကျင်ဖော်ရွေသောဝန်ထမ်းများ၏ ဖောက်သည်များမေးမြန်းမှုအပေါ်ဂရုစိုက်ဖြေကြားပေးခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ ၀ယ်ယူသူ၏လိုအပ်ချက်ဖြင့် ကိုက်ညီသင့်တော်သောပစ္စည်းများကို ရွေးချယ်အကြံပြုပေးခြင်း စသောဝန်ဆောင်မှုများအပြင် ၀ယ်ယူခြင်းတစ်လျောက် သက်တောင့်သက်သာရှိစေရန်နှင့် ၀ယ်ယူသူ၏လိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေသော ၀န်ဆောင်မှုများကြောင့် ၀ယ်ယူသူဖောက်သည်များ၏ ပေးချေရသောငွေကြေးထက်သာပိုသော စိတ်ချမ်းသာမှုရရှိစေမည်မှာသေချာပါသည်။
KKG Trading ကိုဘယ်လိုဆက်သွယ်မလဲ?
KKG Trading နှင့်ပတ်သက်၍လည်းကောင်း၊ ပစ္စည်းများနှင့်ပတ်သက်၍လည်းကောင်း၊ Site နှင့်ပတ်သက်၍လည်းကောင်း၊ ၀ယ်ယူသူဘက်မှ အချို့သောအဆင်မပြေမှုများ၊ မရှင်းလင်းမှုများ၊ ထင်မြင်ချက်များ၊ အကြံပြုချက်များကို ပေးပို့လိုပါက အချိန်မရွေးအားမနာဘဲ Email (inquiry@karkargyitrading.com)သို့လည်းကောင်း၊ ဖုန်းနံပါတ် (+959 5170098)သို့လည်းကောင်း၊ Live Chat တွင်လည်းကောင်း ဆက်သွယ်မေးမြန်းပေးပို့နိုင်ပါသည်။ ပေးပို့သောစာများအတွက်(၂၄)နာရီအတွင်း အမြန်ဆုံးကြိုးစားပြီး အကြောင်းပြန်ဆက်သွယ်ပါမည်။